အောက်ဖော်ပြပါအချက်များကို ကျေးဇူးပြု၍ဖြည့်ပေးထားပါက ကျွန်ုပ် တို့သင့်ထံသို့ အလုပ်လုပ်ရက် ၂ ရက်အတွင်း ပြန်လည်ဆက်သွယ်ပါ
တင်သွင်း

ချက်

ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ရေးမူဝါဒ
Total English Learning Global သည် သင်တို့၏ပုဂ္ဂိုလ်ရေးအချက် အလက်များကို လုံခြုံစွာထိန်းသိမ်းရန်နှင့် သင်တို့၏လျှို့ဝှက်ချက်ကို အကာအကွယ်ပေးရန် ကျွန်ုပ်တို့၏ဘက်မှလုပ် ဆောင်ခြင်းအပေါ် မြင့်မြင့်မားမားတန်ဖိုးထားပါသည်။ ကျွန်ုပ်တို့၏မူဝါဒမှာ Singapore Personal Data Protection Act 2012  အပေါ်တွင်အခြေခံပါသည်။ ၄င်းသည် သင်တို့၏ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်ကို အလွဲသုံး စားပြုမှုမရှိကြောင်းအာမခံရန် ကျွန်ုပ်တို့အသုံးပြုသော အချက်အ လက်များနှင့် အတိုင်းအဆများကို အခြေပြုရာဖြစ်သည်။ ဤလျှို့ ၀ှက်ချက်ဆိုင်ရာမူဝါဒသည် စင်တာများတွင် I Can Read Singapore ၏ဌာနချုပ်က I Can Read  အာရှနှင့် I Can Read ၀န်ထမ်းရွေးချယ်ခန့်ထားရေး ပိုတယ်လ်ဝက်ဘ်ဆိုက်များမှတစ်ဆင့်  ကောက်ယူရရှိသော သတင်းအချက်အလက်များနှင့် အကျုံးဝင်ပါ သည်။ I Can Read ကို အကိုးအကားပြုပြီး ဤတွင်ကျွန်ုပ်တို့သည်၊ ကျွန်ုပ်တို့ကို သို့မဟုတ် ကျွန်ုပ်တို့၏ ဆိုသောအသုံးအနှုန်းတို့သည် Total English Learning Global Pte Ltd၊ ၄င်း၏ရုံးခွဲများနှင့် တွဲဘက်များ၊ ဆက်စပ်အဖွဲ့အစည်းများ၊ စီးပွားဘက်များ၊ ကိုယ်စား လှယ်များဖြစ်စေ၊ ၀န်ထမ်းများဖြစ်စေ၊ ထိုနှစ်ရပ်လုံးဖြစ်စေ ၎င်းတို့ကို ရည်ညွှန်းပြီး ‘ပုဂ္ဂိုလ်ရေးအချက်အလက်’ ဟု ညွှန်းဆိုသည် ၎င်းတို့ သည်သင်တို့ဖြစ်စေ၊ သင်တို့ရင်သွေး/ကျောင်းသား အကြောင်းမည် သည့်အချက်အလက်မဆိုဖြစ်စေ၊ သတင်းအချက်အလက်များကိုဖြစ် စေ၊ (က)ထိုမှတစ်ဆင့်  သို့မဟုတ် (ခ) ကျွန်ုပ်တို့ရရှိထားသော သို့မဟုတ် ရယူနိုင်မည့်သဘောရှိသော အချက်အလက်နှင့်သတင်း အချက်အလက်တို့မှ သင်တို့ဖြစ်စေ၊ သင်တို့ရင်သွေး/ကျောင်းသားကို ဖြစ်စေ၊ ရှာဖွေဖော်ထုတ်နိုင်မည့်အရာများကို ရည်ညွှန်းသည်။


၁။ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့် ပုဂ္ဂိုလ်ရေးအချက်အလက်ရယူစု ဆောင်းခြင်း

သင်တို့က ကျွန်ုပ်တို့ကိုပေးအပ်သည့် ပုဂ္ဂိုလ်ရေးအချက်အလက်တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
(က) ကျွန်ုပ်တို့ထံတင်ပြသော မည်သည့်ပုံစံများတွင်ဖြစ်စေ၊ သင်နှင့် ဆက်စပ်နေသည့် အခြားသောပုံစံများတွင်ဖြစ်စေ ပါဝင်သောအမည်၊ ဖုန်းနံပါတ်(များ)၊ လိပ်စာ၊ အီးမေးလ်လိပ်စာတို့အပြင် သင်နှင့်ဖြစ်စေ၊ သင့်ရင်သွေး/ကျောင်းသားနှင့်ဖြစ်စေ ဆက်စပ်နေသည့်အခြားသော သတင်းအချက်အလက်များ
(ခ) ကွတ်ကီးနှင့် အိုင်ပီလိပ်စာအပါအ၀င်ဖြစ်သော်လည်း I Can Read မှ ထိုသတင်းအချက်အလက်အတွင်း ရှာဖွေဖော်ထုတ်နိုင် သည့် I Can Read စင်္ကာပူဝက်ဘ်ဆိုက်နှင့် ၀န်ဆောင်မှုများကို သင်အသုံးပြုမှုအကြောင်း သတင်းအချက်အလက်
(ဂ) ကွန်ပျူတာနှင့် ဆက်စပ်သတင်းအချက်အလက်၊ ကိရိယာ ပစ္စည်း၏စွမ်းဆောင်နိုင်မှု၊ လှိုင်းအကျယ်၊ စာမျက်နှာကိုကြည့်ရှုမှု အကြိမ်ရေနှင့် ကျွန်ုပ်တို့၏၀က်ဘ်ဆိုက်သို့ အ၀င်၊ အထွက်လုပ်မှုများ အပါအ၀င် ကျွန်ုပ်တို့၏၀က်ဘ်ဆိုက်ဖြစ်စေ၊ ၀န်ဆောင်မှုများဖြစ်စေ၊ ထိုနှစ်ရပ်လုံးဖြစ်စေ သင်ကအသုံးပြုမှုနှင့် ၄င်းတို့နှင့်သင်၏ကြားရှိ လုပ်ဆောင်ချက်များအကြောင်း သတင်းအချက်အလက်

I Can Read သည် ယေဘူယျအားဖြင့် သင်နှင့်သင့်ရင်သွေး/ ကျောင်းသားတို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို   အောက်ပါ နည်းလမ်းများဖြင့် ကောက်ယူစုဆောင်းပါသည်။
(က) ကျွန်ုပ်တို့၏ ထုတ်ကုန် သို့မဟုတ် ၀န်ဆောင်မှုများမှ တစ်ခုခု နှင့်စပ်လျဉ်းပြီး ပုံစံများကိုသင်က တင်ပြသောအခါ
(ခ) ထပ်ဆောင်းပုဂ္ဂိုလ်ရေးအချက်အလက်များအတွင် ကျွန်ုပ်တို့၏ တောင်းဆိုမှုကို သင်တို့က တုန့်ပြန်ဖြေကြားသောအခါ
(ဂ) အီးမေးလ်တစ်ခု သို့မဟုတ် အခြားစာပို့လိပ်စာတစ်ခုတွင် ထည့် သွင်းဖော်ပြရန် သင်ကတောင်းဆိုသောအခါ
(ဃ) သင့်ကိုကျွန်ုပ်တို့ကဆက်သွယ်ရန် သင်ကတောင်းဆိုသောအခါ
(င) သင့်ထံဆက်သွယ်ခြင်းခံရပြီး ကျွန်ုပ်တို့၏ဈေးကွက် တာဝန်ခံ များနှင့်ကိုယ်စားလှယ်များကို သင်ကတုန့်ပြန် ဖြေကြားသောအခါ
(စ) ကျွန်ုပ်တို့၏စစ်တမ်း၊ ကြော်ငြာများနှင့် အခြားအစီအစဉ်များသို့ သင်ကတုန့်ပြန်ဖြေကြားသောအခါ
(ဆ) အခြားသော မည်သည့်အကြောင်းရင်းအတွက်မဆို သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ထံသို့ တင်ပြသောအခါ

၂။ စုဆောင်းရခြင်း၊ အသုံးပြုရခြင်းနှင့် ဖွင့်လှစ်ဖော်ပြရခြင်းတို့အ တွက်အကြောင်းရင်းများ
I Can Read သည် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကောက်ယူစု ဆောင်းရသည့်အကြောင်းရင်းများအတွက် ထိုပုဂ္ဂိုလ်ရေးအချက်အ လက်များကို သက်ဆိုင်ရာဥပဒေအရ  အသုံးပြုရန်သဘောတူညီ ချက်ကို ပြန်လည်ရုတ်သိမ်းခြင်းမရှိလျှင်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်ရေးအချက် အလက်ကိုအသုံးပြုရန် သင်ကသဘောမတူကြောင်း ကျွန်ုပ်တို့ထံ ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ အသုံးပြုခြင်း၊ဖွင့်လှစ်ဖော်ပြခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလုပ်ပါမည်။

ထိုပုဂ္ဂိုလ်ရေးအချက်အလက်ကို အောက်ပါအကြောင်းရင်းများအ တွက်ကောက်ယူစုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ဖွင့်လှစ်ဖော်ပြခြင်း ပြုနိုင်ပါသည်။
(က) ကျောင်းသားမှတ်တမ်းများကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း
(ခ) စီမံအုပ်ချုပ်ခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် အရေးပေါ်အကြောင်း ရင်းများ
(ဂ)ကျွန်ုပ်တို့ဝန်ဆောင်မှုများအကြောင်းနှင့် အစီအစဉ်များအကြောင်း သတင်းအချက်အလက်ပေးရခြင်း
(ဃ) တရားဥပဒေဖြစ်စေ၊ ထုံးနည်းလိုက်နာဖွယ်များအညီ ကျမ်းကိုး စစ်ဆေးခြင်း သို့မဟုတ် အခြားကြော်ငြာ လုပ်ဆောင်မှုများတွင်
(င) ကျောင်းအပ်နှံမှုအတွက် ကိုက်ညီမှုရှိမရှိသုံးသပ်ရာတွင်
(စ) လိမ်လည်မှု၊ မှားယွင်းသောလုပ်ဆောင်ချက်၊ တရားဥပဒေနှင့် မညီသောဆောင်ရွက်မှု သို့မဟုတ် ထိန်ချန်မှုရှိမရှိ စစ်ဆေးသောအ ခါတွင်
(ဆ) လှုပ်ရှားဆောင်ရွက်မှုများအားလုံးတို့တွင် စင်တာမှရိုက်ထား သည့် ဓါတ်ပုံများနှင့် ဗွီဒီယိုတို့ကို ဈေးကွက်ဆိုင်ရာ/ ပုံနှိပ်ထုတ်ဝေမှု များ၊ လူမှုမီဒီယာ၊ ၀က်ဘ်ဆိုက်ဖြစ်စေ အီလက်ထရွန်နစ် မီဒီယာ ဖြစ်စေ၎င်းတွင် အသုံးပြုသောအခါတွင်
(ဇ) သင်တို့အား စာဖြင့်မကြာခဏအကြောင်းကြားမည့် အခြားသော အကြောင်းအရင်းများ၊ သို့သော် ထိုသို့သော ကိစ္စရပ်များအတွက် သင်တို့၏ သဘောတူညီချက်ကိုရယူပါမည်။

၃။ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ဖွင့်လှစ်ထုတ်ဖော်ခြင်းနှင့် တတိယ လူထံလွှဲပြောင်းခြင်း
တရားမ၀င်သော ဖွင့်လှစ်ထုတ်ဖော်မှုအတွက် ပုဂ္ဂိုလ်ရေးအချက်အ လက်များကိုကာကွယ်ရန် လုပ်ငန်းများအဆင့်ဆင့်ကို ကျွန်ုပ်တို့လုပ် ဆောင်ပါမည်။ အချိန်ပြည့်ဆရာများ၊ ၀န်ထမ်းများ၊ ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဖြစ်စဉ်များကိုစီမံခန့်ခွဲရန် ကျွန်ုပ်တို့က ချိတ်ဆက်ထားသည့် ၀န်ဆောင်မှုပေးသူများ၊ ပူးပေါင်းဆောင်ရွက်သူ များဖြစ်စေ၊ ကြော်ငြာသူများဖြစ်စေ၊ ထိုနှစ်ရပ်လုံးဖြစ်စေ ထိုကဲ့သို့ သော တတိယလူများထံ ကျွန်ုပ်တို့သည် လူဦးရေဆိုင်ရာသတင်း အချက်အလက်ကို ဖွင့်လှစ်ဖော်ထုတ်နိုင်ပါသည်။

၎။ တတိယလူ ၀က်ဘ်ဆိုက်
ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်သည် အခြားသောဆိုက်များနှင့် ချိတ်ဆက် ထားသည်။ ထိုဆိုက်များ၏ အကြောင်းအရာဖြစ်စေ၊ လျှို့ဝှက်ချက် ဆိုင်ရာကျင့်သုံးမှုတွင်ဖြစ်စေ  ကျွန်ုပ်တို့တွင် တာဝန်မရှိကြောင်းကို သတိပြုပါ။ ကျွန်ုပ်တို့၏ဆိုက်မှထွက်ခွာသောအခါတွင် သတိပြုပါရန် နှင့်  ပုဂ္ဂိုလ်ရေးပိုင်းတွင် ဖော်ထုတ်နိုင်သည့် သတင်းအချက်အ လက်များတောင်းခံသော အခြားမည်သည့်ဆိုက်မဆို၎င်း၏ လျှို့ဝှက် ချက်ဆိုင်ရာ အဆိုပြုချက်များကို ဖတ်ပါရန် ကျွန်ုပ်တို့၏အသုံးပြု သူများကို တိုက်တွန်းထားပါသည်။
၅။ ကွတ်ကီးများအသုံးပြုခြင်း
ကျွန်ုပ်တို့သည် မိမိတို့၏၀က်ဘ်ဆိုက်များတွင် ‘ကွတ်ကီးများ’ ကို အသုံးပြုပါသည်။ ကွတ်ကီးဆိုသည်မှာ ဆိုက်သို့ဝင်ရောက်ကြည့်ရှုသူ ၏ ဟာ့ဒ်ဒရိုက်ထဲတွင်  ကျွန်ုပ်တို့ဆိုက်ထဲသို့ ၀င်ရောက်ကြည့်ရှုမှုကို တိုးတက်စေနိုင်ရန်နှင့် ကျွန်ုပ်တို့ဆိုက်သို့ အကြိမ်ကြိမ်လာရောက်သူ များကိုဖော်ထုတ်ရန်  သိုမှီးလိုက်သည့်သတင်း အချက်အလက်ဖြစ် သည်။ ကွတ်ကီးများက ကျွန်ုပ်တို့အသုံးပြုသူများ၏ ကျွန်ုပ်တို့ဆိုက် နှင့်ပတ်သက်သည့်အတွေ့အကြုံကို မြှင့်တင်ပေးရန် အသုံးပြုသူများ ၏စိတ်ဝင်စားမှုကို ခြေရာခံပြီး ချိန်မှတ်ထားဦးတည်နိုင်ရန် တတ်စွမ်း နိုင်စေသည်။ ကွတ်ကီးအအသုံးပြုခြင်းသည် ကျွန်ုပ်တို့ဆိုက်ပေါ်ရှိ ပုဂ္ဂလိကဆိုင်ရာ ရှာဖွေဖော်ထုတ်နိုင်သည့် သတင်းအချက်အလက် နှင့်ချိတ်ဆက်မှု လုံးဝမရှိပါ။
I Can Read သည် I Can Read ၀က်ဘ်ဆိုက်တလျှောက်လုံးရှိ အင်တာနက်အသုံးပြုမှုကို တိုင်းတာရန်နှင့် ဆန်းစစ်ရန်အတွက် သီးခြားလွတ်လပ်သော ကုမ္ပဏီတစ်ခုကို အသုံးပြုနိုင်သည်။ ထိုကုမ္ပဏီ၏၀န်ဆောင်မှုကို အောက်ပါတို့အပါအ၀င် ကျွန်ုပ်တို့ဝက် ဘ်ဆိုက်အားအသုံးပြုမှုဆိုင်ရာ ပင်မသတင်းအချက်အလက်ကို စုဆောင်းရန် အသုံးပြုနိုင်ပါသည်။
(က) I Can Read ၀က်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုသောစာမျက်နှာ အရေအတွက် (သို့မဟုတ် စာမျက်နှာ၏သက်ရောက်မှုများ)
(ခ) I Can Read ၀က်ဘ်ဆိုက်သို့ လာရောက်သာ ထူးခြားသည့် ဧည့်သည်အရေအတွက်
(ဂ) ထိုဧည့်သည်များသည် I Can Read ၀က်ဘ်ဆိုက်ပေါ် ရှိနေချိန်တွင် (ပျမ်းမျှအားဖြင့်) အချိန်မည်မျှကြာအသုံးပြုကြောင်းနှင့်
(ဃ) I Can Read ၀က်ဘ်ဆိုက်များသို့ အများအားဖြင့် ၀င်ရောက် သည့်နေရာနှင့် ထွက်ခွာသည့်နေရာ


၆။ ပြန်လည်ရုတ်သိမ်းခြင်း၊ ၀င်ရောက်ကြည့်ရှုခြင်းနှင့် သင်တို့၏ပုဂ္ဂ လိကအချက်အလက်ကို ပြင်ဆင်ခြင်း
သင်၏ ပုဂ္ဂလိကအချက်အလက်ကို အချိန်မရွေး ၀င်ရောက်ကြည့် ရှုခြင်း၊ ရွေးထုတ်ရန်တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်းနှင့် ထပ်မံဖြည့် စွက်ခြင်းတို့ လုပ်ဆောင်နိုင်သည်။ သင်တို့သည် အောက်ဖော်ပြပါ တို့ကိုကျွန်ုပ်တို့နှင့် သင့်ရင်သွေး/ကျောင်းသားကို အပ်နှံထားသည့် စင်တာမှတစ်ဆင့်ဖြစ်စေ ပေးထားသည့် အီးမေးလ်၊  လိပ်စာ၊ ဖုန်းနံပါတ်နှင့် ၀က်ဘိဆိုက်/ဖေ့စ်ဘွက်စာမျက်နှာ လင့်ခ်တို့မှတစ်ဆင့် ဆက်သွယ်ခြင်းအားဖြင့် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။
(က) ရှိသည်ဆိုပါက ကျွန်ုပ်တို့ထံတွင်ရှိထားသည့်အချက်အလက် ကိုစစ်ဆေးခြင်း
(ခ) ကျွန်ုပ်တို့ထံတွင်ရှိထားသည့် အချက်အလက်များ ပြောင်းခြင်း/ ပြန်ပြင်ခြင်း
(ဂ) ကျွန်ုပ်တို့ထံတွင်ရှိထားသည့် အချက်အလက်များ ကျွန်ုပ်တို့ကို ဖျက်ခိုင်းခြင်း
(ဃ) သင့်အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုခြင်းနှင့်ပတ် သက်ပြီး သင်၏မည်သည့်စိုးရိမ်မှုကိုမဆိုဖြစ်စေ ထုတ်ဖော်ပြောဆိုပါ။
၇။ ပုဂ္ဂလိက အချက်အလက်များကို ထိန်းသိမ်းခြင်း
သင်တို့၏ ပုဂ္ဂလိကအချက်အလက်များကို ၄င်းတို့အား ကောက်ယူစု ဆောင်းချိန်တွင် ကောက်ယူရသည့်အကြောင်းရင်းရှိနေသည့်ကာလ အတွက်သာ သို့မဟုတ် ဆက်လက်အသုံးပြုခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ဥပဒေရေးရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြောင်းရင်း များအတွက်သာ ထိန်းသိမ်းထားမည်ဖြစ်သည်။ ထိုနောက်တွင် ထိုအချက်လက်များကို ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုလုပ် မည်ဖြစ်သည်။ သို့မဟုတ် သင်တို့နှင့် အချက်အလက်ဆက်စပ်နိုင်ည့် နည်းလမ်းများကို ဖယ်ရှားမည်။
၈။ ပုဂ္ဂလိကအချက်အလက်များ၏ လုံခြုံရေးတိကျမှုနှင့် သက်ဆိုင်ရာ ဥပဒေ
ဤလျှို့ဝှက်ချက်ဆိုင်ရာ မူဝါဒသည် စင်္ကာပူနိုင်ငံ၏တရားဥပဒေ များဖြင့် ဘက်စုံထောင့်စုံမှ စိုးမိုးထားပါသည်။ ကျွန်ုပ်တို့သည်ကျိုး ကြောင်းဆီလျှော်ပြီး မှန်ကန်သည့်ခြေလှမ်းများဖြင့် သင်တို့၏ ပုဂ္ဂလိကအချက်အလက်များကို တရားမ၀င်ကြည့်ရှုမှု၊ စုသိမ်းမှု၊ အသုံးပြုမှု၊ ဖွင့်လှစ်ဖော်ပြမှု၊ ကူးယူမှု၊ ထပ်ဆင့်ပြင်ဆင်မှု၊ ဖယ်ရှား ပစ်မှု သို့မဟုတ် အလားတူအန္တရာယ်များမှ ကာကွယ်ပေးပါသည်။

၉။ ကျွန်ုပ်တို့၏ လျှို့ဝှက်ချက်ဆိုင်ရာမူဝါဒကို  ပြန်ပြင်ခြင်း
ကျွန်ုပ်တို့၏ လျှို့ဝှက်ချက်ဆိုင်ရာမူဝါဒကို မကြာခဏပြုပြင်ပြောင်း လဲမည်ဖြစ်သည်။ အပြောင်းအလဲများလုပ်ဆောင်မည်ဆိုပါက ထိုအ ကြောင်းကို ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်စာမျက်နှာ တွင် တင်ပြထားပါမည်။

၁၀။ ဆက်သွယ်ရန်သတင်းအချက်အလက်
အကယ်၍သင်သည် (က) ဤမူဝါဒနှင့်ပတ်သက်ပြီးမေးမြန်း လိုသည် များရှိလျှင် (ခ) သင်၏ ပုဂ္ဂလိကအချက်အလက်များကို အသုံးပြုခွင့် အတွက် ကျွန်ုပ်တို့၏သဘောတူညီချက်ကို ပြန်လည်ရုတ်သိမ်းပြီးဆို လျှင် (ဂ) သင်၏ ပုဂ္ဂလိကအချက်အလက်များကို ၀င်ကြည့်ရန် သို့မဟုတ် အမှားပြင်ရန်ရှိပါက အောက်ပါအချက်အလက်များဖြင့် ကျွန်ုပ်တို့ထံဆက်သွယ်နိုင်ပါသည်။

I Can Read စင်္ကာပူနိုင်ငံ ဌာနချုပ်
80 Changi Road #04-20 Centropod, Singapore 419715
ဖုန်းနံပါတ်- (65) 6591 8743 / (65) 6484 1271
ဖက်စ် - :(65) 6484 0395