အချို့တို့သည် စာဖတ်ရှုခြင်းနှင့်ပတ်သက်ပြီး အဘယ်ကြောင့် အခက်အခဲရှိနေပါသနည်း။
ကလေးသူငယ်များစွာတို့သည် အဘယ်ကြောင့် စာဖတ်ရာတွင် အခက်အခဲများရှိရသည်နှင့်စပ်လျဉ်းပြီး ပံ့ပိုးနေသည့် အချက်အလက်ပေါင်းများစွာရှိနေပါသည်။ ထိုအချက်အလက်များကို လက်မှတ်ရစိတ်ပညာရှင်များနှင့် I Can Read စတင် တည်ထောင်သူများဖြစ်ကြသည့် အန်ထော်နီအန်းရှောနှင့် အယ်နာဘဲလ် ဆားဂျင့်တို့ရေးသားပြီး Pearson Education က ထုတ်ဝေသည့် Dealing with Dyslexia and Other Reading Difficulties ဟူသောစာအုပ်တွင် အကျယ်တ၀င့် ဖော်ပြ ထားပါသည်။
သုတေသနပြုနေသော စိတ်ပညာရှင်များအဖြစ် စာဖတ်ရှုခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို စူးစမ်းရှာဖွေဖော်ထုတ်ရာတွင် ၁၅ နှစ်နီးပါးအချိန်ပေးခဲ့ကြသည့် ထိုစာရေးသူများက ယေဘုယျအားဖြင့် စာဖတ်စွမ်းရည်ညံ့ဖျင်းမှုသည် နည်းပေးလမ်းပြမှု ဆိုင်ရာ ချဉ်းကပ်မှုများ၏ မထိရောက်မှုနှင့် မလုံလောက်မှုတို့၏ အကျိုးဆက်ဖြစ်သည်ဆိုသောအမြင်ကို ထောက်ခံပါ သည်။
အထွေထွေအားဖြင့် ကလေးများသည် အင်္ဂလိပ်စာကိုလွယ်ကူစွာဖြစ်စေ၊ ကောင်းစွာဖြစ်စေ ဖတ်ရှုရန်အတွက် သင်ယူရာ တွင် ကျရှုံးခြင်းသည် သူတို့ကို ကောင်းစွာသင်ကြားပေးခြင်းမရှိသောကြောင့်ဖြစ်သည်ဟု ဆိုလိုပါသည်။ စေတနာ ထက်သန်သော ဆရာများက ကျောင်းသားများအား အင်္ဂလိပ်အက္ခရာများကို အရွယ်မတိုင်မီတွင် ထိတွေ့စေခြင်းရှိနိုင်ပြီး အသံထွက်အရေအတွက်နှင့် အသေးစိတ်အသံထွက်တို့ကဲ့သို့သော စာဖတ်မှုအကြိုစွမ်းရည်များ ဖွံ့ဖြိုးမှုမရှိသေးသည့် အစ ပျိုးစအဆင့်ရှိ စာဖတ်သူကို စိတ်ရှုပ်ထွေးသွားစေမှုကို ဖြစ်စေပါသည်။
စာဖတ်ရှုခြင်းဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက သင်ကြားပေးသည့် ကျွန်ုပ်တို့၏ စာဖတ်ရှုခြင်းအစီအစဉ်မှတစ်ဆင့် I Can Read က စာကိုမည်သို့ဖတ်ရှုရကြောင်း သင်ယူခြင်းသည် ကလေးသူငယ်များအတွက် စိတ်ကျေနပ်ဖွယ်နှင့် ပျော်ရွှင် ဖွယ်ဖြစ်ကြောင်းကို အာမခံပါသည်။
ပိုမိုသိရှိရန်အတွက်ဖြစ်စေ၊ စာဖတ်ရှုခြင်းဆိုင်ရာ အရည်အသွေးကိုဖော်ထုတ်နိုင်မည့် စစ်ဆေးမှုတစ်ရပ်အတွက် နေရာ ကြိုတင်ရယူရန်အတွက်ဖြစ်စေ သင်တို့နှင့် အနီးအပါးတွင်ရှိသည့် I Can Read စင်တာတစ်ခုသို့ ယနေ့ပင် ဆက်သွယ် လိုက်ပါ။