ကျွန်ုပ်တို့ထံတွင် အကောင်းဆုံး စာဖတ်အစီအစဉ်ရှိပါသည်။
I Can Read သည် အဘယ်ကြောင့် ကမ္ဘာ့အကောင်းဆုံး စာဖတ်အစီအစဉ်တစ်ရပ်ဖြစ်နေပါသနည်း။ I Can Read သည် အဘယ်ကြောင့် မိဘများက ရွေးချယ်ကြသည့် စနစ်ဖြစ်နေပါသနည်း။
အကြောင်းမှာ အောက်ဖော်ပြပါ အတည်ပြုကြေငြာချက်များကို အတည်အလင်းကြေငြာနိုင်သည့် အခြားသောစာဖတ် အစီ အစဉ်များ မရှိသောကြောင့်ပင်ဖြစ်သည်။
• သုတေသနပြုခဲ့သော နှစ်ပေါင်းများစွာရှိသည့် ပညာရေးဆိုင်ရာ စိတ်ပညာရှင်က ဖန်တီးခဲ့ခြင်း
• အောက်ပါအရည်အချင်းများရှိသည့် ပညာပေးသူများက ဖန်တီးခဲ့ခြင်း- ပီအိပ်ခ်ျဒီ၊ ဘီအေ၊ အမ်အေ၊ ဂုဏ်ထူး တန်း၊ ပညာရေးဒီပလိုမာ၊ အက္ခရာများဆိုင်ရာ မဟာဘွဲ့စာပေ၊ ဘာသာစကားနှင့် စိတ်ပညာအဓိက ဘာသာရပ် ဆိုင်ရာဘွဲ့များ၊ စာဖတ်ရှုမှုဆိုင်ရာ အကျိုးကျေးဇူးများအကြောင်း သုတေသနပြုမှုအပေါ် အခြေခံသည့် စာတမ်းနှင့် ၁၅ နှစ်အထက်ရှိသည့် လက်တွေ့လုပ်ငန်း
• ICR ဖန်တီးသူများသည် ပီယာဆန် ပညာရေး (Pearson Education) မှ ထုတ်ဝေသည့် “ဒစ်စ်လက်စ်ရှားနှင့် စာဖတ်ရှုမှု အဆက်အခဲများကိုဖြေရှင်းခြင်း (Dealing with Dyslexia and Reading Difficulties)” ဟူသော စာအုပ်ကိုရေးသားသူများလည်း ဖြစ်ခြင်း
• စင်္ကာပူနိုင်ငံနှင့် နိုင်ငံရပ်ခြားတို့တွင် စမ်းသပ်ခဲ့ပြီး ကိန်းဂဏန်းအချက်အလက်များဖြင့် နောက်ခံပြုထားသည့် အတည်ပြုပြီးသော အစီအစဉ်တစ်ရပ်ဖြစ်ခြင်း
• ကျောင်းသားပေါင်း ၂၀၀,၀၀၀ ကျော်တို့ကို အောင်မြင်စွာ သင်ကြားပေးခဲ့ပြီးဖြစ်ခြင်း
• စာဖတ်ရှုခြင်းကိုသင်ကြားပေးရာတွင် အကောင်းဆုံးနည်းလမ်းများအကြောင်း လတ်တလောသုတေသနပြုမှုနှင့် ကိုက်ညီမှုရှိကြောင်း (The Alphabetic Principle ကိုရေးသားသူ) ပါမောက္ခဘရိုင်ယန်ဘန်းက အသိအမှတ်ပြု ပြောကြားထားခြင်း
သင်သည် I Can Read ကိုရွေးချယ်သည်ဆိုပါက နှစ်ပေါင်း ၁၅ နှစ်ကျော် သက်သေထူခဲ့ပြီးဖြစ်သည့် ဂုဏ်သိက္ခာရှိသော စနစ်တစ်ခုကို ရွေးချယ်လိုက်ခြင်းဖြစ်ပြီး ၎င်းသည်ဈေးကွက် ဦးဆောင်သူဖြစ်နေပြီး ထိုနယ်ပယ်အတွင်းမှ လုပ်ငန်းကျွမ်း ကျင်သူများက ထောက်ခံအားပေးထားပါသည်။ အထောက်အထားဖြစ်သည့် “I Can Read ကိုရွေးလို့ကတော့ အမှား အယွင်း မဖြစ်နိုင်ဘူး” ဆိုသည်မှာ သိသာထင်ရှားပါသည်။